ကောင်ကင်ယံမှ ပျက်ကျသည့် U.F.O ပန်ကန်ပြားပျံကို ဆရာတော်တစ်ပါးက တွေ့ရှိ

Share:
U.F.O ပန်ကန်ပြားပျံကို ဆရာတော်တစ်ပါးက
တွေ့ရှိ
သြဂုတ်၂
မန္တလေးတိုင်း တောင်ပြုံးအရပ် တွင်
ယနေ့ ညနေ ၃နာရီခန့်က ကောင်ကင်မှ
အမည်မသိ ယာဉ်ပျံတစ်စီး ပျက်ကျသည် ကို
မန္တလေးတောင်ခြေရှိ ဆရာတော်ဦးဇောတိက မှ
တွေ့ရှိခဲ့သဖြင့် မြို့သူမြို့သားများ
လာရောက်ကြည့်ရှု့သူများနှင့်စည်ကားစွာ
တွေ့ရှိရပါသည်။
” ဒီ ပန်ကန်ပြားပျံက ကိုယ်တော်၂ပါးရဲ့
နတ်ပွဲကို လာရောက်ဖူးမြော်တယ်လို့
ဦးဇင်း ထင်ပါတယ် . . အရင်နှစ်တွေကလဲ
ဒီလိုပဲ လာဖူးပြီးပျံသွားပေမယ့် ဒီနှစ်မှာ
H1N1 ရောဂါ ကူးစက်ခံရပြီး ပျက်ကျသလား
ပွဲတော်ကို မလာဖို့ တားမြစ်တဲ့အဖွဲ့တွေရဲ့
လောက်လေးဂွ နဲ့ ပစ်ခံရလို့ ပျက်ကျသလား
ဘာကြောင့် ပျက်ကျတယ်ဆိုတာတော့
အတိအကျ မသိသေးပါဘူး . .
မနက်ဖြန်တော့ NASAအဖွဲ့က ပျက်ကျတဲ့
ပန်ကန်ပြားပျံကို လာယူမယ်လို့တော့ပြောတယ်
တရုတ်ပြည်ကလဲ ဈေးပိုပေးပြီး ဝယ်မယ်လို့
ကမ်းလှမ်းထားပါတယ် . .’
ဘာပဲဖြစ်ဖြစ် ဒီ ပန်ကန်ပြားပျံကို ဦးဇင်းတို့က
ရောင်းချပြီး အမျိုးဘာသာ သာသနာအတွက်
သုံးစွဲသွားမှာပါ . . “ဟု ဆရာတော်ဦးဇောတိက
မှ မိန့်ကြားသွားခဲ့ပါသည်။
Credit
Mandalay News

No comments