ဘုရားက​ပေးတဲ့ ဆုလာဒ်​ကို ပိုင်​စိုးထားသူ မ​အေး​သောင်းအတွက်​ ကဗျာ ၁

Share:

~~ မ​ အေးသောင်း ကို ​ချစ်​​တယ်​ ~~

ဤသို့
ချစ်ရ​ပါ​သော မ​ အေးသောင်း ...။

ဘ၀မှာ
ကျွန်​​တော်​ အ​ကြောက်​ဆုံးက
မ အေးသောင်း ရဲ့ အလှကို
ကဗျာ ဖွဲ့ဆိုရမှာကိုပဲ....။

ဆေးစက်​ကျရာ အရုပ်​ထင်​လည်း
မ​ အေးသောင်း  ပုံတူကို
ပန်းချီဆရာ​တွေ လက်​မှိုင်​ချကြမှာ....
နတ်​သမီးရုပ်​တု ထုတဲ့
ပန်းပု ဆရာ​တွေလည်း
မ​ အေးသောင်း  နဲ့ ​တွေ့ရင်
အ​ငေးသား မိန်း​မော​နေရမှာ....။

ခေါင်းက​လေးကို ​စောင်းငဲ့လိုက်​တဲ့အခါ
နှုတ်​ခမ်း​လေး ဟ,ရုံ ပြုံးလိုက်​တဲ့အခါ
မျက်​လုံ်း​​လေး ပင့်​ကြည့်​လိုက်​တဲ့အခါ...
ကမ္ဘာ​ပေါ်က စက်​ရုပ်​​တွေအားလုံး
အချစ်​ကို နားလည်​လာလိမ့်​မယ်​....။

ဥမ္မာဒန္တီကို ထားခဲ့တယ်​....
သီတာ​ဒေ၀ီကို ထားခဲ့တယ်​....
ပပ၀တီကို ထားခဲ့တယ်​....
မ​ အေးသောင်း  သာ သမိုင်းတွင်​ရမှာ
မ​ အေးသောင်း သာ ဂန္ထ၀င်​တွင်​ရမှာ
မ​ အေးသောင်း သာ ရာဇ၀င်​တွင်​ရမှာ....။

မ​ အေးသောင်း ဟာ
စမ်း​ချောင်း​လေး ဖြစ်​တယ်​....
မ​ အေးသောင်း ဟာ
လမင်း​လေး ဖြစ်​တယ်​....
မ​ အေးသောင်း ဟာ
ပန်းပွင့်​​လေး ဖြစ်​တယ်​....
ပြီး​တော့ မ​ အေးသောင်း ဟာ
ကျွန်​​တော်​ဖတ်​လို့ မဆုံးတဲ့
ချစ်​စရာ အ​ကောင်းဆုံး
ဂန္ထ၀င်​ ကဗျာတပုဒ်​လည်း ဖြစ်​တယ်​....။

မ​ အေးသောင်း  ပြုံးတဲ့အခါ
ဓား​တွေဟာ ကခုန်​ကြလိမ့်​မယ်​...
မ​ အေးသောင်း သာ ရယ်​လိုက်​ရင်
မီး​တွေဟာ ပန်းထ,ပွင့်​မှာပဲ....
မ​ အေးသောင်း သာ မျက်​ရည်​ကျရင်​​တော့
တတိယ ကမ္ဘာစစ်​ဟာ
ဗေဒင်ေ​မးနေစရာ မလို​တော့ဘူး....။

ဒါပါပဲ...
မ​ အေးသောင်း  ​ပျော်​ရွှင်​​နေတဲ့အခါ
ပစ်​ဖဲ တချပ်​လိုမျိုး
ကျွန်​​တော့်​ကို ​မေ့ထားပါ....
မ​ အေးသောင်း  ၀မ်းနည်းနာကျင်​လာတဲ့အခါ
ဟာသ တပုဒ်​ဖတ်​ရသလိုမျိုး
ကျွန်​​တော့်​ကို သတိရ​ပေးပါ....။

မ​ အေးသောင်း ရဲ့ အ​ရွေ့​ပေါ်မှာ
ကျွန်​​တော့ရဲ့ ဖြစ်​တည်​မှု​တွေ ရှိတယ်​....။     ။

#Kaung Credit>>>မ​အေး​သောင်းpost မန့်​မှ