ဆိုင်​ကယ်​ရပ်​ပြီး အခင်းထဲဆွဲ​ခေါ်ကာ မဒိန်းမှု ဖြစ်​ပွားခဲ့

Share:


Aug 2, 2017

ခေါင်းတုံးစီရွာ၊အဖဦးထွန်း​မောင်​+အမိ ​ဒေါ်အီဖဲတို့၏သမီးအကြီး မမြင့်​မြင့်​လှိုင်​ အသက်​(၁၆)နှစ်​အား တစ်​ရွာတည်း​နေ ဦးမျိုးဝင်း+​ဒေါ်ရင်​နွယ်​တို့၏သားဖြစ်​သူ ​​မောင်​ဖိုး​ထောင်၊အသက်​(၂၁)နှစ်​ မှ (၉.၆.၂၀၁၇)၇က်​​နေ့ ​ခေါင်းတုံးစီ နားမကြိုင်း​ကျေးရွာချင်းဆက်​လမ်း​ဘေး ​ခေါင်းတုံးစီရွာမှ (၁) မိုင်​ခွဲခန့်​​ဝေး​သော​နေရာ၌ ဆိုင်​ကယ်​ရပ်​၍ အခင်းထဲဆွဲ​ခေါ်ကာ သားမယားပြုကျင့်​မှု​ ဖြစ်​ပွားခဲ့သည်​။ (၉.၆.၂၀၁၇)၇က်​​နေ့၊ည​နေ(၄း၃၀)အချိန်​ခန့်​ က​လေးမ​လေးနှင့်​အ​ဖော်​၃​ယောက်​တို့ အုတ်​သယ်​ပြီးပြန်​အလာ တရွာတည်း​နေ​မောင်​ဖိုး​ထောင်​ဆိုသူမှ က​လေးမ​လေးအား ဆိုင်​ကယ်​ဖြင့်​လမ်းကြုံလိုက်​ရန်​တင်​​ခေါ်ပြီး ​ခေါင်းတုံးစီရွာငှက်​တိုင်​​နေရာအနီး ​အခင်းသို့အ​ရောက်​ ဆိုင်​ကယ်​ပျက်ဟန်​​ဆောင်​၍ ဆင်းခိုင်းေ​လသည်​။ထို့​နောက်​က​လေးမ​လေးအား အခင်းထဲဆွဲ​ခေါ်​ပြီး အလိုမတူပဲ သားမယားပြုကျင့်​သည်​။ မတရားခံရသူဘက်​မှ ​မော်​လူးရဲစခန်းအားတိုင်​ကြားသဖြင့်​ (၂၉.၆.၂၀၁၇) ရက်​​နေ့တွင်​ တရားခံ​မောင်​ဖိုး​ထော်​အား ရဲမှလာ​ရောက်ဖမ်းဆီးသွားသည်​။ (၃၀.၆.၂၀၁၇) ရက်​​နေ့တွင် ​တရားလိုသားအဖမှ ​မော်​လူးရဲစခန်းသို့အလာ နားမကြိုင်း​ကျေးရွာအ၀င်​၌ ​ခေါင်းတုံးစီ​ကျေးရွာ၊အတွင်း​ရေးမှူးဖြစ်​သူ ဦးဖိုးစိန်​မှ လာရန်​မလို​​​​သေး​ကြောင်းနှင့်​ လိုအပ်​မှ​ခေါ်မည်​ဟု​ပြော၍ ပြန်​ခိုင်းသည်​။ ​မော်​လူးသို့ဆက်​လက်​လာခဲ့ရာ နားမကြိုင်း​ကျေးရွာ၊​ဒေါ်ဝင်းမာ ဆ​ဈေးဆိုင်​အတွင်း တရားခံ ​မောင်​ဖိုး​ထောင်​အား က​လေးမ​လေးမှ အမှတ်​မထင်​​တွေ့ရှိသည်​။ မ​နေ့ကလာဖမ်းသွား​ပြီး ​နောက်​​နေ့ပြန်​လွှတ်​သည်​မှာအဘယ့်​အတွက်​​ကြောင့်​ဖြစ်​သည်​ကိုမူ မသိရှိရ​ပေ။ က​လေးမ​လေးမှ အခင်းဖြစ်​​သောအချိန်​၀တ်​ဆင်​​သော အတွင်းခံ​ဘောင်းဘီနှင့်​ ထမိန်​အား (၂၈.၆.၂၀၁၇) ရက်​​နေ့တွင် ​မော်လူးရဲစခန်းသို့​ပေးအပ်​ခဲ့သည်​။အတွင်းခံ​ဘောင်းဘီကို က​လေးမအားပြန်​လည်​​ပေးခဲ့ပြီး ထမိန်​မှာ သိမ်းယူထားသည်​ဟုလည်း​ သိရသည်​။ အင်း​တော်​မြို့နယ်​ ​ဆေးရုံသို့ (၄.၇.၂၀၁၇)၇က်​​နေ့က ဆီးစစ်ခံသွား​ရောက်​ခဲ့ပြီး စစ်​ချက်​ယူထား​ကြောင်းလည်း သိရသည်​။ တရားခံ​မောင်​ဖိုး​ထော်​အားပြန်​လည်​ ဖမ်းဆီးထားသည်​ဟုသာကြားရသည်​။တစ်​လ​ကျော်​လာ​သည်​အထိ အဆိုပါအမှုနှင့်ပါတ်​သက်​၍ က​လေးမ​လေးအား အ​ကြောင်းတစ်​စုံတရာ ပြန်​ကြားခြင်း အမှုချိန်း​ခေါ်ဆိုခြင်းမသိရ​သေးပါ။ က​လေးမ​လေး၏ ​ပြောပြချက်​များအား ကာယကံရှင်​ဆန္ဒအရ ဗီဒီယိုဖိုင်​နှင့်​ တွဲ၍တင်​​​ပေးလိုက်သည်​။

No comments