ပြည်သူတွေ ထိတ်လန့်တကြားဖြစ်နေတဲ့ တုပ်ကွေးရောဂါပိုးအကြောင်း H1N1

Share:


အခုအချိန်မှာ ပြည်သူတွေ ထိတ်လန့်တကြားဖြစ်နေတဲ့ တုပ်ကွေးရောဂါပိုးအကြောင်း ပြောပြချင်ပါတယ်။

တုပ်ကွေးရောဂါသည် Viral disease ဖြစ်ပါတယ်။

Influenza virus သည် orthomyxo virus အုပ်စုဝင်ဖြစ်ပြီး Tpye A;B;C;D ဆိုပြီး အဓိက ၄ မျိုး ခွဲနိုင်ပါတယ်။

Flu virus ရဲ့ မျက်နှာပြင်မှာ haemagglutinin (H) နှင့်  neuraminidase (N) တို့ ပါဝင်ပါတယ်။

အခုပြောနေကြတဲ့ H1N1 တို့ H3N2 တို့ဆိုတာ Flu virus မျိုးကွဲ (Strains) တွေ ဖြစ်ပါတယ်။

H protein အမျိုးအစား ၁၄ မျိုးရှိပြီး  N အမျိုးအစား ၉ မျိုး ရှိပါတယ်။

ဒီနှစ်ခုကို တွဲလိုက်ရင် Flu virus အမျိုးကွဲပေါင်း ၁၄၄ မျိုး အထိရှိလာပါတယ်။

ဒါတွေအကုန်လုံးကတော့ ကူးစက်နိုင်တာ မဟုတ်ကြပါဘူး။

ဒီနေရာမှာ haemagglutinin (H) နှင့် neuraminidase (N) အကြောင်း ပြောပြပါအုံးမယ်။

ဒီ ၂ ခုဟာ Ful virus မှ သတ္တဝါ တစ်ကောင်မှ အခြားတကောင်သို့ ကူးစက်ဖို့ ( infection) နောက်ဆက်တွဲရောဂါတွေဖြစ်ဖို့ လိုအပ်ပါတယ်။

hemagglutinin (H) သည် glycoprotein အမျိုးအစားဖြစ်ပြီး Infection အတွက် ပိုအရေးကြီးပါတယ်။

Ful virus အနေဖြင့် Cell ကို ကပ်တွယ်ပြီး Cell အတွင်းကို ဝင်ရောက်ပါတယ်။

hemagglutinin မရှိလျှင် ရောဂါကူးစက်မှု မဖြစ်နိုင်ပါဘူး။

Neuraminidase (N) သည် အင်ဇိုင်းဓာတ်ဖြစ်ပါတယ်။

၎င်းက ကူးစက်ခံ Cell ၏ အမှေးပါးကို ဖျက်ဆီးပြီး Virus ကို Cell အတွင်း ဝင်ရောက်နိုင်အောင် ကူညီပေးပါတယ်။

အထူးသဖြင့် အသက်ရှူလမ်းကြောင်းတလျောက်ရှိ Cell များကို ဝင်ရောက်ကူးစက်စေပါတယ်။

Virus ပိုးဟာ သူဝင်ရောက်တဲ့ Cell အတွင်းမှာ H ကြောင့် ပွားများလာပါတယ်။

ပွားများလာတဲ့ Virus တွေ Cell အပြင်ထွက်နိုင်ဖို့ N က ကူညီပြန်ပါတယ်။

N မရှိလျှင် ပွားများလာတဲ့ Virus တွေဟာ အပြင်ကို မထွက်နိုင်ပါဘူး။

အခြား Cell တွေဆီ ထပ်မံပွားများကူးစက်မှု မရှိနိုင်ပါဘူး။

လူတယောက်တွင် flu virus ကူးစက်ခံရချိန်မှာ ကိုယ်ခံစွမ်းအားစနစ် ( immune system) ဟာ H နဲ့ N proteins တွေကို ဆန့်ကျင်တဲ့ ပဋိပစ္စည်း (antibodies) တွေ ထွက်လာပါတယ်။

၎င်းပဋိပစ္စည်းတွေက H နဲ့ N ရဲ့ လုပ်ငန်းတွေ ဆက်မလုပ်နိုင်အောင် ပိတ်ပါတယ်။

Virus protein နဲ့ ပဋိပစ္စည်းများ ဓာတ်ပြုမှု (Ag-Ab Reaction) ကြောင့် ကိုယ်အပူချိန်တက်ခြင်း ဖျားနာခြင်းတို့ ဖြစ်ပေါ်တာဖြစ်ပါတယ်။

Ful virus သည် RNA Virus အမျိုးအစားဖြစ်ပါတယ်။

အခြား Virus တွေဟာ DNA Virus အမျိုးအစားတွေ ဖြစ်ကြပါတယ်။

RNA virus တွေဟာ အခြား RNA Virus တွေက ထွက်လာတဲ့ RNA  တွေနဲ့ ပေါင်းစပ်ဖို့လွယ်ကူပြီး အမျိုးအစားအသစ်ကို ထွက်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် Flu virus အမျိုးအစား၂ မျိုး တပြိုင်တည်း တချိန်တည်း ကူးစက်ခံရပါက ပိုမိုပြင်းထန်တဲ့ Virus အသစ် ထွက်ပေါ်လာနိုင်ပါတယ်။

အခုအချိန်မှာ သတင်းတွေအရ H1N1 နှင့် H2N3 အမျိုးအစားတို့ ကူးစက်ပြန့်နှံ့နေပါတယ်။

ဒီပိုး ၂ မျိုးသာ တပြိုင်တည်း ကူးစက်ခံရလျှင် နောက်ထပ် ပိုမိုပြင်းထန်တဲ့ Flu virus အမျိုးအစားအသစ် ထွက်ပေါ်လာနိုင်ပါတယ်။

ကမ္ဘာ့တုပ်ကွေးသမိုင်းမှာ ပြင်းထန်ဆိုးရွားတဲ့ ကပ်ရောဂါ (Pandemics) အသွင် ၄ ကြိမ် ဖြစ်ပေါ်ခဲ့ပါတယ်။

၁၉၁၈ ခုနှစ်တွင် (H1N1 - swine flu) ၁၉၅၇ တွင် (H2N2), ၁၉၆၈ တွင် 1968 (H3N2) နှင့် ၂၀၀၉ တွင် (H1N1) တို့ ဖြစ်ပါတယ်။

ဒီလိုကပ်ရောဂါအသွင် ဖြစ်ပွားခဲ့မှုတွေကြောင့် တုပ်ကွေးကာကွယ်ဆေး (Flu vaccine) ထုတ်လုပ်ရေးကို အာရုံစိုက်ခဲ့ကြပါတယ်။

ဒါပေမယ့် ပြဿနာက Ful virus မှာ အမျိုးအစား ၁၄၄ မျိုး ရှိနေပြီး တမျိုးနဲ့တမျိုး လွှမ်းခြုံကာကွယ်နိုင်စွမ်း (Cross Immunity) မရှိပါဘူး။

ဆိုလိုတာက H1N1 ကာကွယ်ဆေးပေးထားသော်လည်း H1N2 :H2N3 စသည်တို့ကို အကာအကွယ် မပေးနိုင်ပါဘူး။

ဒါကြောင့် တုပ်ကွေးကာကွယ်ဆေး (Flu vaccine) ဆိုတာကလည်း ထိရောက်လှသည်တော့ မဟုတ်ပါဘူး။

တုပ်ကွေးရောဂါဟာ ရာသီဖျား ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှမ်းရိုးပုပ် ဝိုင်းကြီးဖျားလို့ ခေါ်ပါတယ်။

နှမ်းရိုးပုပ်ဆိုတာ အချိန်ကာလကို ပြောတာပါ။

အခုအချိန် မိုးဦးနှမ်းသိမ်းချိန် နှမ်းပေါ်ချိန်ကို ပြောတာပါ။

ဝိုင်းကြီးဖျားဆိုတာကတော့ ကူးစက်တတ်တဲ့သဘော ဖြစ်ပါတယ်။

တုပ်ကွေးရောဂါ တယောက်ဖြစ်လျှင် တအိမ်သားလုံး တဝိုင်းလုံး ကူးစက်တတ်တာကို ပြောတာဖြစ်ပါတယ်။

တုပ်ကွေးရောဂါဖြစ်ပြီဆိုကတည်းက HxNy တမျိုးမျိုး ကူးစက်ခံရတာ ဖြစ်ပါတယ်။

x=၁၄ ခုရှိပြီး y=၉ ခုရှိကြောင်း အပေါ်မှာ ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။

တုပ်ကွေးရောဂါဆိုတာ မြန်မာပြည်သူတွေအတွက် အသားကျပြီးသား ယဉ်နေပြီသားလို့တောင် ပြောနိုင်ပါတယ်။

ဒါကြောင့် ထူးပြီး ကြောက်မနေကြပါနဲ့။

ပြဿနာကတော့ တချိန်တည်းမှာ တုပ်ကွေးပိုး ၂ မျိုး ၃ မျိုး အကူးစက်မခံရဖို့သာ အရေးကြီးပါတယ်။

နောက်ပြောချင်တဲ့ အချက်ကတော့
တုပ်ကွေးရောဂါသည် ကြက်ကနေ ဝက်ကနေ တိုက်ရိုက်ကူးစက်တယ်ဆိုတာ အလွန်အင်မတန် ဖြစ်နိုင်ခဲပါတယ်။

အခု သတင်းအမှားတွေ ထွက်နေတာ ရှိပါတယ်။

အခု တုပ်ကွေးဟာ ဝက်ကနေ ကူးတာ။ ဝက်သားကနေ ကူးတယ်ဆိုတာတွေဟာ မဟုတ်ပါဘူး။

လူကနေ လူကို ကူးစက်မှုဟာ အမြန်ဆုံးဖြစ်ပါတယ်။

လေလမ်းကြောင်းကနေ ကူးစက်တာမို့ Air bone disease လို့ ခေါ်ကြတာပါ။

ဒါကြောင့် နှာခေါင်းစည်း တပ်ဆင်တာကတော့ အကာအကွယ်တခု ရှိပါတယ်။

အရေးကြီးတာကတော့ တကိုယ်ရေသန့်ရှင်းမှု ကောင်းမွန်ဖို့ ဘာပစ္စည်း ဘယ်သတ္တဝါကို ထိမိကိုင်မိပါစေ ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောဖို့သာ ပိုအရေးကြီးပါတယ်။

အခု ကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာချက်တွေ လိုက်နာခြင်းအားဖြင့် ကျန်းမာချမ်းသာကြပါစေ။

#LyMo

Ref ; Kyaw Swe

No comments